ဝါဆောက ရုပ်သေးဆရာလေး

ကုန်ပစ္စည်းအခြေခံအချက်အလက် :
(0)
  • ID
    HM_17953
  • အမျိုးအစား
    ရသစာပေ
  • ဈေးနှုန်း
    4,000 MMK
  • ရရှိနိုင်မှု
    3 In Stock
  • စာရေးသူ
  • ကုန်ပစ္စည်းမူလနိုင်ငံ
    Myanmar
  • ကုန်ပစ္စည်းအခြေအနေ
    အသစ်စက်စက်
  • တင်သွင်းသူ
  • ကြော်ငြာတင်သည့်အချိန်
    2022-02-28 15:25:49 ( 3 years ago)
ဈေးနုန်းများသည် တင်ထားသည့်ရက်မှ တစ်လကျော်လျင် ပြောင်းလဲနိုင်သဖြင့် ရောင်းချသူနှင့် ပြန်လည် အတည်ပြု ပေးရန်
ကုန်ပစ္စည်းအကြောင်းအရာ :

လူတိုင်း လူတိုင်းရဲ့ဘ၀မှာ ဖြတ်သန်းမှုဆိုတာ ရှိခဲ့ကြတာပဲ။
ဒီစအုပ်ကလည်း ကမ္ဘာပေါ်က လူသားတစ်ဦးရဲ့အကြောင်းစာအုပ်ပါ။
စိတ်ဝင်စားဖွယ် ဇာတ်လမ်းတစ်ပုဒ်၊ ၀တ္ထုကောင်းတစ်ပုဒ်ဖြစ်စေတဲ့
သွင်ပြင်လက္ခဏာတွေ ဒီစာအုပ်မှာ ဖတ်ရမှာပါ။
• ၀တ္ထုရဲ့အစကို မီခါ အဖိုးအိုတစ်ဦး အရွယ်ရောက်ပြီး
၂၀၀၉ ဇန်နဝါရီ၊ အမေရိကန်နိုင်ငံက စဖွင့်တယ်။
မီခါဟာ ဒုတိယကမ္ဘာစစ်တုန်းက ဂျာမန်လက်အောက်ရောက်ခဲ့တဲ့
ပိုလန်နိုင်ငံ၊ ဝါဆောက ဂျူးတစ်ယောက်။
အဖိုးအိုအရွယ်ရောက်နေပြီဖြစ်တဲ့ မီခါဟာ မြေးလေးကို လက်ဆွဲပြီး
နယူးယောက်မြို့ထဲ သွားလာနေရင်း ၇၂ လမ်းပေါ်လျှောက်လာတဲ့အချိန်မှာ
ဇာတ်ရုံတစ်ရုံရဲ့ ပိုစတာမှာ “ဝါဆောရုပ်သေးဆရာလေး” ဆိုတာ
ဖတ်လိုက်မိတဲ့အချိန်မှာ…
• ၁၉၃၈ ကနေပြီး ဒုတိယကမ္ဘာစစ်အတွင်း အသက်မသေဘဲ
ကြံဖန်ရှင်သန် နေထိုင်သွားတဲ့ ဆယ်ကျော်သက် ဂျူးလူမျိုး မီခါလေးရဲ့ ကမ္ဘာထဲကို
စာဖတ်သူတို့ ခဏဝင်ကြည့်လိုက်တာနဲ့ အဆုံးထိ ဆွဲခေါ်သွားပါလိမ့်မယ်။
• ဒီစာအုပ်မှာ တခြားနာဇီစအုပ်တွေနဲ့ မတူကွဲပြားတဲ့ ဇာတ်ကြောင်းကို ဖတ်ရမှာပါ။
နေ့ခင်းကြောင်တောင် လူလယ်ခေါင်မှာ အမျိုးသမီးတစ်ဦးကို
ကိုယ်တုံးလုံးချွတ်ဖို့ ခိုင်းစေနေတာကို မကြည့်ရက်လို့ သွားပြောတဲ့
မီခါ့အဖိုးကို နာဇီတွေက သေနတ်တွေနဲ့ ပွဲခြင်းပြီးသတ်လိုက်တဲ့အခါ
အဖိုးရဲ့ ကုတ်အင်္ကျီကို မီခါ ရလိုက်ပါတယ်။
• အဲ့ဒီကုတ်အင်္ကျီဟာ ဒီစာအုပ်ရဲ့အသက်ပါပဲ။
အဲဒီအင်္ကျီရဲ့အထဲမှာ မီခါရဲ့အဖိုးဆီက ရုပ်သေးရုပ်လေးတွေရှိနေပြီး
မီခါဟာ ဂျူးရပ်ကွက်က ရုပ်သေးဆရာလေးဖြစ်လာခဲ့တယ်။
မီခါဟာ ဒုတိယကမ္ဘာစစ်အတွင်း ဂျူးပေါင်းများစွာကြုံခဲဲ့ရတဲ့
အဖြစ်ဆိုးကနေ လွတ်မြောက်ခဲ့တယ်။
သူဖြတ်သန်းခဲ့ရတဲ့ အခက်အခဲတွေက အံ့ဩလောက်စရာတွေပါပဲ။
ကုတ်အကျင်္ီထဲမှာ ကလေးတွေ ထည့်ဝှက်ပြီး နာဇီတွေမသိအောင်
ပို့ဆောင်ရေးလုပ်ရတာတွေဆို အသည်းထိတ်စရာတွေပါ။
• မီခါဟာ ဂျူးရပ်ကွက်ထဲမှာသာမက
နာဇီတွေဘက်ကိုပါ သွားဖျော်ဖြေရတဲ့အထိဖြစ်လာတယ်။
နောက်ဆုံးအကြိမ် ဖျော်ဖြေအပြီးမှာ
သူနဲ့တိုက်ရိုက်ဆက်သွယ်တဲ့ ဂျာမန်စစ်သား မက်ခ်ဆ်ကို
မီခါဟာ မင်းသားလေးရုပ်သေးရုပ်ကို လက်ဆောင်ပေးခဲ့တယ်။
မက်ခ်ဆက်က သူ့သားလေးအတွက် လက်ဆောင်တောင်းဖူးတာကို
အမှတ်ရပြီး မီခါက ပေးတာပါ။
အဲ့ဒီနောက် မီခါလည်း ဂျူးတွေ ခံစားရတဲ့ ဒုက္ခမျိုးစုံနဲ့ ဇာတ်ကြောင်းစုံခဲ့တယ်။
• ဒီစာအုပ်မှာ အပိုင်း ၂ ပိုင်းပါတယ်။
မီခါ့အကြောင်းနဲ့ မင်းသားလေးအကြောင်း။
မင်းသားလေးအကြောင်းက မီခါက မက်ခ်ဆ်ကို ပေးလိုက်တဲ့အချိန်ကစပြီး
အရုပ်ကလေးဖြတ်သန်းရာဘ၀ပေါ့။
• မီခါနဲ့ အရုပ်ကလေးပြန်ဆုံမှာလား?

Delivery အချက်အလက် :

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။

ဘယ်လိုရောင်းရမလဲ :

ကြည့်ရန်ဤနေရာကိုနှိပ်ပါ

ပြန်လည်ပေးပို့ခြင်းမူဝါဒ :

ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။

Open Size/Color Alert
+959684068950