မိုင်တိုင်အမှတ် ၃၃၃

ကုန်ပစ္စည်းအခြေခံအချက်အလက် :
(0)
  • ID
    HM_17439
  • အမျိုးအစား
    ရသစာပေ
  • ဈေးနှုန်း
    3,500 MMK
  • ရရှိနိုင်မှု
    4 In Stock
  • ကုန်ပစ္စည်းမူလနိုင်ငံ
    Myanmar
  • ကုန်ပစ္စည်းအခြေအနေ
    အသစ်စက်စက်
  • တင်သွင်းသူ
  • ကြော်ငြာတင်သည့်အချိန်
    2022-02-20 04:51:44 ( 3 years ago)
ဈေးနုန်းများသည် တင်ထားသည့်ရက်မှ တစ်လကျော်လျင် ပြောင်းလဲနိုင်သဖြင့် ရောင်းချသူနှင့် ပြန်လည် အတည်ပြု ပေးရန်
ကုန်ပစ္စည်းအကြောင်းအရာ :

မြင်အပ်၊ မမြင်အပ် နှစ်ရက်များစွာ သတ္တဝါ .. တဲ့ ။ ၃၁ ဘုံ ဌာနမှာ ကျွန်တော်တို့မျက်စိနဲ့ မြင်ရတာက လူ့ဘုံသားတွေနဲ့ တိရစ္ဆာန်ဘုံသားတွေပါ။

ဒါပေမယ့် တစ်ခါတရံမှာတော့ ကျွန်တော်တို့ဟာ အဲ့ဒီဘုံသားတွေ အပြင် လူတို့သေဆုံးပြီးနောက် ရောက်ရှိလေ့ရှိတဲ့ လားရာဂတိ ( ၅ ) မျိုး ထဲကနေ တစ္ဆေသရဲလို့ အများကသိကြခေါ်ကြတဲ့ ပြိတ္တာဘုံသားတွေကိုလည်း ကံအားလျော်စွာ မြင်ရလေ့၊ ကြုံရလေ့ ရှိကြပါတယ်။

အဲ့ဒီလို မြင်ရတဲ့ လူတွေကိုလည်း တစ်ချို့က လိပ်ပြာလှလို့ မြင်ရတယ်။ ကံနိမ့်လို့ မြင်ရတယ်။ စသည်ဖြင့်… စသည်ဖြင့် ပြောလေ့ရှိကြတဲ့အပြင် မြင်ခဲ့ရ..ကြုံခဲ့ရတဲ့ လူတွေနဲ့ အပေါင်းအပါ တစ်ချို့ကလည်း ငါ့ကို သရဲခြောက်လို့၊ သူ့ကို တစ္ဆေခြောက်လို့ ၊ ဒီကောင်ပေါ့ သရဲဝင်ပူးခံရတာ … စသည်ဖြင့် အံ့အားတကြီး ပြောကြ၊ ဆိုကြလေ့ရှိကြပါတယ်။

ဒါက ကျွန်တော်တို့ ဘက်က ကြုံတွေရတဲ့ အမြင်ပါ။ ဖြစ်ရပ်တစ်ခုကို ချဉ်းကပ်တဲ့အခါမှာ ကျွန်တော်တို့ဟာ ရှုထောင့်မျိုးစုံကနေ ကြည့်ပြီး၊ သုံးသပ်တာ ပိုကောင်းမယ်လို့ ယူဆမိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့လူသားတွေဘက်က မြင်ရတဲ့ အမြင်ပြီးရင် သူတို့ဘက်က မြင်ရတဲ့ရှုထောင့်ကို လည်း အတတ်နိုင်ဆုံးနဲ့ အနီးစပ်ဆုံးတစ်ချက်လောက် ခံစား လေ့လာကြည့်ရအောင်။

ဟုတ်ပါတယ် …. သူတို့တွေဘက်က အမြင်ကို ကြည့်ရမယ်ဆိုရင်လည်း …ပူးဝင်၊ ပူးကပ် ၊အသံပေး၊ အနံ့ပေး၊ အရိပ်အယောင်ပြ စသဖြင့် နည်းမျိုးစုံနဲ့ သူတို့ကို လူတွေ မြင်အောင်လုပ်ရခြင်းဟာ အများပြောသလို ခြောက်လှန့်ဖို့၊ စနောက်ဖို့လည်းဖြစ်နိုင်သလို အစာရေစာ ၊အနေအထိုင်တွေ အဆင်မပြေလို့ အသိပေးချင်တာမျိုး ၊လက်ရှိရောက်ရာဘုံဘဝမှာ မနေချင်တော့လို့ အကူအညီတောင်းတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒါဆိုရင် သူတို့တောင်းတဲ့ အကူအညီကို မပေးမိရင်ရော ၊ သူတို့တွေ ဘာတွေ ဆက်ဖြစ်နိုင်လဲ ? ပြီးတော့ရော … လူတွေအများကြီးရှိတဲ့အထဲကမှ ကျွန်တော်တို့ကိုမှ ဘာလို့ အသိပေး ၊အကူအညီတောင်းရတာလဲ ? စတဲ့… အချက်တွေကို

မိုင်တိုင်အမှတ် ၃၃၃

စာသင်ကျောင်းထဲမှ ပရလောကသားများ

အစွဲ (သို့မဟုတ်)ဝိဉာဉ်စီးသောကား

စသည့် …ဇာတ်လမ်းများအား ဖတ်ရှုခံစားရင်းဖြင့် သဘောပေါက်သွားမယ်လို့ ယူဆရပါတယ်။

ဒါ့အပြင် ဒီဇာတ်လမ်းတွေကို ဖတ်ရှုနေချိန်မှာ ကြောက်ရွံ့ခြင်းဟူသော စိတ်ခံစားမှုရသကို ဖြစ်စေသည့်၊ ထိတ်လန့် တုန်လှုပ်ဖွယ်ရာများကို အသည်းတထိတ်ထိတ် ရင်တဖိုဖိုဖြင့် သိရှိခံစားနိုင်အောင် အနုပညာမာယာရောမွှေဖန်တီး၍ ကြိုးစားအားထုတ်၊ ရေးသားပေးလိုက်ရပါကြောင်း …. ။

Delivery အချက်အလက် :

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။

ဘယ်လိုရောင်းရမလဲ :

ကြည့်ရန်ဤနေရာကိုနှိပ်ပါ

ပြန်လည်ပေးပို့ခြင်းမူဝါဒ :

ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။

Open Size/Color Alert
+959684068950