ဗမာ့မုဆိုး
ဝင်းငြိမ်း
Rated 0.1 out of 5 based on 0.1 customer ratings ( 0 မှတ်ချက်) 3500 (ကျပ်)
မြန်မာတောတွင်းမှာ အမဲလိုက်တဲ့ မုဆိုးကြီးတစ်ယောက်ရဲ့အကြောင်းဆိုပေမယ့် Jack Grisham ရဲ့ အဘိုးက စကော့တလန်ကြီး။ သူက အိန္ဒိယကို တပ်ရင်းတစ်ခုနဲ့ ရောက်လာပြီး အဲ့မှာ ကလေးမွေး။ Jack Grisham ရဲ့ အဖေက အိန္ဒိယကနေ မြန်မာပြည်ကိုရောက်၊ မြန်မာမလေးနဲ့ ညားရင်း ဒီစာအုပ်ရဲ့ အဓိကဇာတ်လိုက်ကျော် မုဆိုးကြီးကို ပဲခူးမှာမွေးတာ။ Jack Grisham က ၁၂ နှစ် အရွယ်မှာကတည်းက သေနတ်ကိုင်ပြီး တောထဲဝင်ခဲ့သူ။ ဒီစာအုပ်မှာ သူ့ရဲ့ ထူးထူးခြားခြား အတ္ထုပ္ပတ္တိကို အမဲလိုက် အတွေ့အကြုံပေါင်းများစွာနဲ့အတူ ဖတ်ရှုရမှာပါ။
ပထမနာမ်စားကို သုံးထားတဲ့ ဝတ္ထုဟန် ဖြစ်ရပ်မှန်အတ္ထုပ္ပတ္တိ ဝတ္ထုမှာ Jack Grisham ဟာ နာမည်ကျော် ဘုံဘေဘားမားမှာ အလုပ်ဝင်ခဲ့တာနဲ့ စတယ်။ မြန်မာ့မြေပေါ်က သစ်ထုတ်လုပ်ရေးလုပ်ငန်းနဲ့ ဆင်တွေအကြောင်း၊ သစ်ဖောင်မျှောတဲ့အကြောင်းတွေ အပြင် မုဆိုးကြီး Jack Grisham ရဲ့ မြန်မာတောတွင်း ကျားပစ်ခြင်းအကြောင်းကို စိတ်ဝင်စားစွာ ဖတ်ရှုရပါမယ်။ သူကြုံခဲ့တဲ့ ကျားဇာတ်လမ်းထဲမှာ သမန်းကျားဇာတ်လမ်းနဲ့ စုန်းတွေ အကြောင်းလည်းပါဝင်တယ်။ မြန်မာတွေရဲ့ သမန်းကျားကို သူတို့ဆီက သမန်းဝံပုလွေနဲ့ ချင့်ချိန်ပြီး ရေးပြသွားပါတယ်။ မုဆိုးကြီးက မြွေတွေအကြောင်းကိုလည်း ချန်မထားပါဘူး။ သူဟာ မြွေတွေကို ဘယ်လိုမေတ္တာထားသလဲဆို “ကျုပ်သာ မြန်မာပြည်က တောရွာလေးတစ်ရွာမှာ အခြေချနေဖြစ်မယ်ဆို မြွေပါလေးတစ်ကောင်လောက်ကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမိမှာ သေချာပါတယ်”တဲ့။ အတွေ့အကြုံစုံတဲ့ မုဆိုးကြီး မြွေတွေကို ဘယ်လိုနှိမ်နင်းခဲ့သလဲဆိုတာ အသည်းတယားယားနဲ့ ဖတ်ရမှာပါ။
မြန်မာ့မြေပေါ်မှာ ဒုတိယကမ္ဘာစစ်နဲ့အတူ ဂျပန်တွေ မြန်မာ့မြေပေါ် ဝင်လာတဲ့အခါ များစွာသော စစ်ပြေးဒုက္ခသည်များနှင့် ထပ်တူ သူဟာ အိန္ဒိယကို ပြေးခဲ့ရတယ်။ မဟာမိတ်တွေ ကချင်ပြည်နယ်ဘက်က ပြန်ဝင်တော့ မုဆိုးဘဝကနေ မဟာမိတ်စစ်ဗိုလ် Jack Grisham ရဲ့ စစ်ပွဲအတွေ့အကြုံတွေကို ဖတ်ရှုခံစားရပါဦးမယ်။
Jack Grisham ရဲ့ ဖြစ်ရပ်မှန်အတ္ထုပ္ပတ္တိဟာ စိတ်ဝင်စားဖို့ ကောင်းတဲ့ သုတတွေများစွာပါသလို ဖတ်ရှုရ အလွန်ကောင်းတဲ့ ရသဝတ္ထုတစ်ပုဒ်လည်း ဖြစ်နေပါတယ်။ ဆရာဦးဝင်းငြိမ်းရဲ့
ညက်ညောတဲ့ စကားလုံးအသုံးအနှုန်း၊ ပြေပြစ်တဲ့ အရေးအသားတို့နဲ့ ဗမာ့မုဆိုးကို ဘာသာပြန် စာအုပ်ကောင်းတစ်အုပ်အဖြစ် ဖတ်ရှုရမှာပါ။

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။
ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။