Osi

ကုန်ပစ္စည်းအသုံးပြုပုံဗီဒီယို :
ကုန်ပစ္စည်းအခြေခံအချက်အလက် :
(0)
  • ID
    HM_2426
  • အမျိုးအစား
    Traditional Instruments
  • ဈေးနှုန်း
    Multiplicity
  • ရရှိနိုင်မှု
    10 In Stock
  • အမှတ်တံဆိပ်
    H.M
  • မော်ဒယ်
    General Music Course
  • ကုန်ပစ္စည်းမူလနိုင်ငံ
    Coustom Made
  • အာမခံ (ဝန်ဆောင်မှု)
    1year
  • ကုန်ပစ္စည်းအခြေအနေ
    အသစ်စက်စက်
  • တင်သွင်းသူ
ကုန်ပစ္စည်းအကြောင်းအရာ :

အိုးစည်

ကြေး ကြိုး သားရေ လေ လက်ခုပ် အမျိုးအစားတွင် အိုးစည်သည် သားရေတူရိယာအမျိုး
အစားတွင်ပါဝင်သည်၊တစ်ဖက်ရှူး အနေအထားဖြင့် အိုးစည်ကိုပြုလုပ်ထားပြီး ထိပ်ဝတွင်သားရေ
ဖြင့် စည်းနှောင်ပိတ်ဆို့ထားသည်။အိုးစည်ကို မြန်မာလူမျိုးတိုင်းသိကြပြီး ဘုရားပွဲဈေးများတွင်က
လေးများ ပျော်ရွှင်စွာ ဆော့ကစား တီးခတ်နိုင်ရန် အိုးစည်ကို ပြုလုပ်ရောင်းချကြသည်။
မြန်မာတို့၏ အိုးစည်သည် အသင့်အတင့်မျှသာရှည်သော်လည်း ရှမ်းအိုးစည်က ပိုမိုရှည်
လျားလှသည်။အိုးစည်တီးခတ်မှုသည် ဒိုးပတ်နှင့် မတူညီသည်။အိုးစည်သံသည် လွင်သော အသံ
ဖြစ်ပြီး ဒိုးပတ်အသံက ခပ်ပြတ်ပြတ်အသံဖြစ်သည်။
ဒိုးစည်သံသည် ရှည်လျားသော လည်တံမှ ထွက်လာရသဖြင့် ထိုသို့အသံလွင်နေခြင်းဖြစ်
ပြီး ဒိုးပတ်ကဲ့သို့နှစ်ဖက်စလုံးသားရေအပိတ်တူရိယာမဟုတ်ခြေ။ထို့အပြင် အိုးစည်ကိုလည်း ပတ်
စာကပ်၍တီးခတ်ရသည်။ပတ်စာ မကပ်ဘဲ တီးလျှင် တဗတ်ဗတ်အသံသာမြည်သည်။
ပတ်စာကို ယခင်က ထမင်းသို့မဟုတ် ဂျုံကို ရေဖျော်ပြီး ပြာနှင့်ရောနယ်ကာ သားရေမျက်
နှာပြင်တွင် ကပ်ကြသော်လည်း နောက်ပိုင်းတွင် ပတ်စာကို အသင့်ပြုလုပ်ထားရောင်းချမှုများပေါ်
ပေါက်လာသည်။
အိုးစည်ကို လက်ဖြင့် ဘယ်ညာပုတ်၍၎င်း၊အိုးစည်ဝိုင်းတွင် ကိုယ်ကိုယိမ်းနွဲ့တီးခတ်ရင်းက
တစ်တောင်ဖြင့်၎င်း အလှအပတီးခတ်ကြသည်။
အဓိကအားဖြင့် အိုးစည်ကို အမြူးအကြွ ဂီတတူရိယာအဖြစ် တီးခတ်ကြပြီး အလှူပွဲများနှင့်
ဘုရားပွဲများ၊ပျော်ပွဲရွှင်ပွဲများတွင် တီးခတ်သည်။တီးခတ်မှုပုံစံမှာ လက်ဖဝါးနှင့်၎င်း၊လက်ဖနောင့်နှင့်
၎င်း၊တစ်တောင်ဖြင့်၎င်း သီချင်းအပေါ်မူတည်ပြီး တီးခတ်သည်။
အိုးစည်တီးခတ်မှုလေ့ကျင့်ခန်း
ပုံမှန်စည်း
1 2 3 4
X X X X
R L R L
စည်းအသွက်
1 2 3 4
XX XX XX XX
LR LR LR LR

1 2 3 4
LR LR L -

လင်းကွင်း ( ရကွင်း )

မြန်မာတို့၏ရကွင်းသည် အမြူးအကြွ ဦးစားပေးသော အိုးစည်ဝိုင်းတွင်၎င်း၊ဒိုးပတ်ဝိုင်းတွင်
၎င်း သုံးစွဲတီးခတ်သလို မြန်မာ့သံစုံတီးဝိုင်းကြီးများတွင်လည်းတီးခတ်သည်။ရကွင်းကို ကြေးဝါဖြင့်
ပြုလုပ်ကြပြီး အနောက်တိုင်းတူရိယာ Cymbal နှင့် ဆင်တူသည်။လက်ဖြင့်ရကွင်း နှစ်ချပ်ကိုကိုင်
တွယ်တီးခတ်နိုင်ရန် အခုံးနေရာတွင် ပန်းပွားကြိုးတပ်ဆင်ထားသည်။
ရကွင်းကို အနားသားနှစ်ခု ခပ်ဖွဖွ မကြွတကြွတီးခတ်ကြသလို အရွက်သားနှစ်ခု တိတိကျ
ကျ ထိခတ်စေ၍လည်း တီးခတ်ကြသည်။ များသောအားဖြင့် တေးသီချင်း အနှေးအမြန်ပေါ်လိုက်၍တီးခတ်ကြပြီး တစ်ခါတစ်ရံတေး
သီချင်း၏ စာသားပေါ်လိုက်၍လည်း စာလုံးတိုင်းတွင် လိုက်တီးသည်။တစ်ခါတစ်ရံ တေးသီချင်း၏
အနှေးပိုဒ်တွင် ခပ်ဖွဖွသာတီးကြသည်။
အနောက်တိုင်း ဂီတမူအရပြောရလျှင် ရကွင်းသည် 4/4 time အတွက်သာမက 2/2time
များအတွက်လည်း တီးခတ်နိုင်သည်။အဓိကအားဖြင့် အောက်ပါစည်းချက်များတွင်တီးသည်။
1 2 3 4
x x x x

ကုန်ပစ္စည်းအင်္ဂါရပ်များ :

-

ပါဝင်သည့်ပစ္စည်းများ :

Delivery အချက်အလက် :

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။

ဘယ်လိုရောင်းရမလဲ :

ကြည့်ရန်ဤနေရာကိုနှိပ်ပါ

ပြန်လည်ပေးပို့ခြင်းမူဝါဒ :

ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။

Open Size/Color Alert
09753288730